၂၀၂၆ ခုနှစ်၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအား အများပြည်သူ သိရှိလေ့လာနိုင်ရန် ထုတ်ပြန်ကြေညာခြင်း

Posted Date : 2026-05-14

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (FRD) ၏ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်စွဲပါ ညွှန်ကြားချက်အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် "၂၀၂၆ ခုနှစ်၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ" (ဥပဒေအမှတ် ၁၆/၂၀၂၆) ကို အသစ်ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါသည်။

ကျွန်ုပ်တို့ ယန်းအာမခံ အနေဖြင့် နိုင်ငံတော်မှ ပြဋ္ဌာန်းထားသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိသည့်အပြင်၊ ပွင့်လင်းမြင်သာမှုရှိသော ငွေရေးကြေးရေး ဝန်ဆောင်မှုစနစ်တစ်ခု ဖြစ်ထွန်းလာစေရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

သို့ဖြစ်ပါ၍ အဆိုပါဥပဒေသစ်ပါ ပြဋ္ဌာန်းချက်များကို မိမိတို့နှင့် လက်တွဲဆောင်ရွက်နေသော မိတ်ဖက်အဖွဲ့အစည်းများ၊ အာမခံကိုယ်စားလှယ်များနှင့် အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလေ့လာနိုင်စေရန်အတွက် ဤသတင်းထုတ်ပြန်ချက်မှတစ်ဆင့် မျှဝေအပ်ပါသည်။ ဤဥပဒေကို လိုက်နာခြင်းအားဖြင့် ပိုမိုဘေးကင်းစိတ်ချရသော လူမှုစီးပွားဝန်းကျင်တစ်ခုကို အတူတကွ တည်ဆောက်နိုင်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။

အဆိုပါ ဥပဒေအသေးစိတ်ကို အောက်ပါ "Download PDF" ခလုတ်မှတစ်ဆင့် အခမဲ့ ရယူဖတ်ရှုနိုင်ပါသည်။