bancassurance

Young Insurance Co.,Ltd မှ Bancassurance စတင်ဆောင်ရွက်ခြင်း


News, Posts အောက်တိုဘာ 21, 2020 9:16 ညနေ

အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်ပေးနေသော SME Development Bank နှင့် မြန်မာနိုင်ငံသားများလူနေမှုအဆင့်အတန်းမြင့်မားကာ လုံခြုံသောအနာဂတ်ဘဝတို့ကိုပေးနိုင်ရန်အတွက် အလေးထားဆောင်ရွက်လျှက်ရှိသော Young Insurance Company တို့သည် ယနေ့မှစ၍ လက်တွဲကာ မြန်မာနိုင်ငံသားတို့အတွက် ပိုမို့ကောင်းမွန်သော ဝန်ဆောင်မှုများပေးဆောင်နိုင်တော့မည်ဖြစ်သောကြောင့် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

SME Development Bank တွင် Young Insurance မှ General Insurance products များအား မြန်ဆန်လွယ်ကူစွာဝယ် ယူနိုင်ပြီး ၊ယမ်းအာမခံ အနေဖြင့် SME-Development Bank Channel မှ တဆင့် အများပြည်သူ သို့ ပိုမိုကျယ်ပြန့်စွာ ဝန်ဆောင်မှုပေးသွား​မှာဖြစ်ပါတယ်။ SME-Development Bankအနေဖြင့်လည်း ၎င်းတို့customer များအတွက် Bank ဝန်ဆောင်မှု နှင့် အာမခံဝန်ဆောင်မှုများ ကို One stop Service အနေဖြင့်ဝန်ဆောင်မှုများကို ပေးနိုင်မှာလည်းဖြစ်ပါတယ်၊ Customer များအနေဖြင့်လည်း တစ်နေရာထဲတွင်ဝန်ဆောင်မှုနှစ်မျိူး ရနိုင်သည့်အတွက်အချိန်ကုန်သက်သာစေပြီးပိုမိုလွယ်ကူ အဆင်ပြေစေမှာလည်း ဖြစ်ပါသည်။

'တိကျမြန်ဆန် ယမ်းအာမခံ' ဆိုသည့်ဆောင်ပုဒ်ကတိအတိုင်း မြန်ဆန်တိကျသော ဝန်ဆောင်မှုများအား ပြည်သူလူထုကိုပေးဆောင်ရန် SME Development Bank နှင့်အတူအကောင်းဆုံးပူးပေါင်းကာ ဝန်ဆောင်မှု့ ပေးသွားမည်ဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ အသိပေးပန်ကြားလိုပါသည်။