မတ်လ ( ၂၂) ရက်နေ့ ရန်ကုန်မြို့၊ Melia Yangon Hotel မှာ Malaysia-Myanmar Business Chamber အခမ်းအနားပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ယန်းအာမခံ ကလည်း Silver Partner အနေနဲ့ပါဝင်ကျင်းပခဲ့ပါတယ်။
အဆိုပါပွဲမှာ အာမခံနဲ့ပတ်သက်တဲ့ အသိပညာဗဟုသုတများမျှဝေပေးခြင်းတို့အတွက်“ယန်းအာမခံ” ကလည်း ပါဝင်ခဲ့တာဖြစ်ပြီးတော့ အခြားသော လုပ်ငန်းရှင်များစွာကလည်း စည်ကားသိုက်မြိုက်စွာ ပါဝင်ခဲ့ကြပါတယ်။
ဒါကြောင့် Malaysia-Myanmar Business Chamber ပွဲကြီးဆီကို တက်ရောက်ခဲ့တဲ့ ယန်းအာမခံရဲ့ မိတ်ဆွေများကိုလည်း အထူးပင်ကျေးဇူးတင်ရှိရင်း Malaysia-Myanmar Business Chamber အခမ်းအနားပွဲကြီးရဲ့ အမှတ်တရပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။



