နေပြည်တော် သမဝါယမဦးစီးဌာနသို့ Young Group မှ ငလျင်ဒဏ်သင့်မိဘပြည်သူများအတွက် ပစ္စည်းများထောက်ပံ့လှုဒါန်း

Posted Date : 2025-04-01

မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နေပြည်တော် သမဝါယမဦးစီးဌာနရှိ ငလျင်ဒဏ်သင့်မိဘပြည်သူများအတွက် ရည်ရွယ်ကာ Young Group လက်အောက်ရှိ Young Insurance, UNIPAY, EFT နှင့် YTV ဌာနများမှ ၂၀၂၅ ခုနှစ်၊ ဧပရယ်လ၊ (၁) ရက်နေ့တွင် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ငါးသေတ္တာ၊ ကြက်ဥ၊ Power Bank အစရှိသည့် ပစ္စည်းများသွားရောက်လှုဒါန်းခဲ့ပါတယ်။

အင်းအားပြင်းငလျင်ကို ခံစားခဲ့ရသော မြန်မာပြည်သူပြည်သားများအားလုံး ကပ်ဘေးအန္တရာယ်မှအမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းလိုက်ရပါတယ်။