Author Archives: admin

Articles, Posts May 11, 2021 12:16 pm

အာမခံကိုယ်စားလှယ်တော်ကြီးများအကြောင်း တစေ့တစောင်း

More Detail

မြန်မာနိုင်ငံမှာ အာမခံနဲ့ပက်သက်ပြီး သိပ်မတွင်ကျယ်သေးတာကို အားလုံးလည်း သိကြမှာပါ…ဘာ့ကြောင့်လဲ…? ဘယ်လိုဖြေရှင်းရမလဲ…? ဆိုတဲ့မေးခွန်းတွေကို ဖြေရှင်းဖို့အားလုံးကြိုးစားနေကြသူတွေ့ရှိကြပါတယ်…

ဘယ်သူတွေလဲဆိုတာကို အာမခံနဲ့ပက်သက်ဖူးတဲ့ သူတွေအားလုံးသိကြပါတယ်… သူတို့ကတော့ အာမခံကိုယ်စားလှယ်တွေပါပဲ…
အာမခံနဲ့မပက်သတ်ဖူးတဲ့ သူတွေအနေနဲ့ အာမခံဝန်ဆောင်မှုတွေအကြောင်းကို ထဲထဲဝင်ဝင်နားလည်သဘောပေါက်ဖို့ဆိုတာ ခက်ခဲလှပါတယ်…ဘာ့ကြောင့်လဲဆိုတော့ အာမခံဝန်ဆောင်မှုတွေဟာ အသေးစိတ်ကျပြီး အချက်အလက်တစ်ခုမှားတာနဲ့ နှစ်ဦးနှစ်ဖက် နစ်နာဆုံးရှုံးမှုတွေများစွာကို ကြုံတွေ့ရနိုင်ပါတယ်…

ဒီလိုပြဿနာတွေကို အဓိကတာဝန်ယူဖြေရှင်းပြီး အကောင်းဆုံးဝန်ဆောင်မှုတွေကို ပေးနိုင်တာကတော့ အာမခံကိုယ်စားလှယ်များပဲဖြစ်ပါတယ်…

အာမခံကုမ္ပဏီတွေနဲ့ ချိတ်ဆက်ထားတဲ့ အာမခံကိုယ်စားလှယ်တွေဟာ အာမခံဝန်ဆောင်မှုတွေနဲ့ပက်သက်တဲ့ ပေါ်လစီတွေ၊ လျော်ကြေးပေးချေမှုတွေ၊ အာမခံနည်းစနစ်တွေကို ကောင်းမွန်စွာသိရှိနားလည်ကြပြီး အာမခံထားလိုသူတွေကိုလည်း ဘယ်လိုအာမခံအမျိုးအစားတွေက သင့်တော်ကောင်းမွန်ပြီး ဘယ်အာမခံကုမ္ပဏီတွေရဲ့ ဝန်ဆောင်မှုတွေက တိကျမြန်ဆန်လဲဆိုတာကို အချိန်ကာလတစ်ခုအတွင်း နားလည်သဘောပေါက်အောင် ရှင်းပြပေးနိုင်ပါတယ်…

ဒါ့အပြင် အာမခံကိုယ်စားလှယ်များမှတစ်ဆင့်အာမခံဝန်ဆောင်မှုလုပ်ငန်းတွေကို ရယူမယ်ဆိုရင် အပိုကြေးလုံးဝထပ်ပေးစရာမလို ၊ အချိန်ကုန် အလုပ်ပျက်ခြင်းမရှိသည့်အပြင် ပရီမီယံကြေးပေးသွင်းရာတွင်လည်း အမှားအယွင်းများမရှိပဲ အကောင်းမွန်ဆုံးဝန်ဆောင်မှုကို ရရှိနိုင်ပါသေးတယ်…

ဒါကြောင့် မိတ်ဆွေတစ်ယောက်ချင်းစီတိုင်းဟာ အာမခံဝန်ဆောင်မှုကို ရယူတော့မယ်ဆိုရင် အာမခံကိုယ်စားလှယ်တစ်ယောက်တော့ ရှိသင့်ပြီး ထိုကိုယ်စားလှယ်ဆီကနေ အကြံဉာဏ်ယူပြီး ဆွေးနွေးဆောင်ရွက်သင့်ပါတယ်….

FRD ငွေရေးကြေးရေး ကြီးကြပ်စီစစ်ရေးဌာန၊ IBRB အာမခံလုပ်ငန်းကြီးကြပ်စီစစ်ရေးအဖွဲ့ရဲ့ တရားဝင်လိုင်စင်ရ အာမခံကိုယ်စားလှယ်တွေဟာ အာမခံကုမ္ပဏီတွေအားလုံးနဲ့ ချိတ်ဆက်ထားပြီး အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့ ဆောင်ရွက်ပေးပါလိမ့်မယ်…

ဒါကြောင့် အာမခံကိုယ်စားလှယ်ကြီးများရဲ့ အခန်းကဏ္ဍဟာလည်း အာမခံလောကတွင်လွန်စွာမှ အရေးပါလှပြီး အာမခံကိစ္စအဝဝကို သိရှိနားလည်ပြီး အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်မယ့် အာမခံကိုယ်စားလှယ်ကြီးများနဲ့ ဆက်သွယ်ဆောင်ရွက်သင့်ကြောင်းကျွန်တော်တို့ ယမ်းအာမခံမှ တိုက်တွန်းလိုက်ရပါတယ်…

“ တိကျမြန်ဆန် ယမ်းအာမခံ ”

Child in Car
Articles, Posts May 11, 2021 12:03 pm

သင့်ရင်သွေးအတွက် အသက်ကယ်ထိုင်ခုံခါးပတ် အသုံးပြုနည်း

More Detail

ကားတစ်စီးကို ကိုယ်တိုင်မောင်းနှင်တဲ့အခါပဲဖြစ်ဖြစ်၊ တခြားသူမောင်းနှင်တဲ့ကားကို လိုက်ပါစီးနင်းတဲ့အခါပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံးခါးပတ်ပတ်လေ့ရှိကြပါတယ်…

ဒါပေမယ့် မိမိရဲ့ရင်သွေးငယ်များကိုတော့ ခါးပတ်ပတ်ပေးဖို့မေ့နေတတ်ကြပြီး ၊ ခါးပတ်ပတ်ရမယ်ဆိုတဲ့ အသိပညာကိုလည်း သင်ကြားပေးဖို့ မေ့နေတတ်ကြပါတယ်…

ယခုနှစ်စစ်တမ်းများအရ ယာဉ်အန္တရာယ်ဖြစ်ပွားမှုများကြောင့် သေဆုံးသူများတွင် အရွယ်မရောက်သေးသည့် ကလေးငယ်များ ပါဝင်နေသည်ကို တွေ့ရှိလာရပါသည်…

ထို့ကြောင့် မိမိရင်သွေးငယ်များရဲ့ အသက်အန္တရာယ်စိုးရိမ်ပူပန်ခြင်းမဖြစ်ရအောင် မော်တော်ယာဉ်စီးနင်းအသုံးပြုစဉ်အတွင်း ကလေးအသက်ကယ်ထိုင်ခုံခါးပတ်များကို အသုံးပြုရန်တိုက်တွန်းနှိုးဆော်လိုက်ရပါသည်…

ကလေးအသက်ကယ်ထိုင်ခုံခါးပတ်အသုံးပြုနည်း

(၁) ခါးပတ်သိုင်းကြိုးကိုတပ်တဲ့အခါ လည်ပင်းနဲ့အရမ်းနီးကပ်နေတာမျိုးဖြစ်လို့မရပါဘူး…ရင်ဘတ်အခြမ်းကို ကန့်လန့်ဖြတ်ပုံစံသာ တပ်ဆင်ရပါမယ်…

child-in-car

 

(၂) ကလေးရဲ့ခေါင်းနဲ့ ကားထိုင်ခုံရဲ့ ခေါင်းမှီဟာ တစ်တန်းတည်းဖြစ်နေရပါမယ်…

child-in-car

 

(၃) ကလေးအသက်ကယ်ထိုင်ခုံခါးပတ်ကိုပတ်တဲ့အချိန်မှာ ကလေးငယ်ရဲ့ ဒူးခေါင်းနဲ့အောက်ပိုင်းဟာ သက်တောင့်သက်သာအနေအထားဖြစ်နေရပါမယ်…

child-in-car

 

(၄) ခါးပတ်ရဲ့ ခါးသိုင်းကြိုးကို ပတ်တဲ့အခါ အစာအိမ်အပေါ်ကို ဖြတ်ပြီးမပတ်ဖို့လိုပါမယ်…

child-in-car

 

အနာဂတ်ဘဝများလှပစေဖို့
“တိကျမြန်ဆန်…ယမ်းအာမခံ”

what-is-insurance
Articles, Posts May 11, 2021 11:37 am

ကျွန်တော်တို့မသိသေးတဲ့ အာမခံအကြောင်းတစေ့တဆောင်း

More Detail

“အာမခံဆိုတာ ဘာလဲ” ဆိုတဲ့မေးခွန်းကို မေးလိုက်ရင် ကျွန်တော်တို့တော်တော်များများ ဖြေဖို့ခက်ကြပါတယ်…

အမှန်တကယ်တော့ “အာမခံ” ရဲ့အဓိပ္ပာယ်ကို အားလုံးနီးပါးနားလည်ကြပါတယ်…ဒါပေမယ့် ခုနောက်ပိုင်းနှစ်တွေမှာ အသုံးပြုလာကြတဲ့ အာမခံဝန်ဆောင်မှုတွေကို သိပ်နားမလည်ကြတာပါ...

ဒီတော့ ကျွန်တော်တို့မသိသေးတဲ့ အာမခံအကြောင်းကို လေ့လာကြည့်ကြရအောင်နော်….

အာမခံဆိုတာဘာလဲ…?

အာမခံဆိုတာ ကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့ ပိုင်ဆိုင်မှုတွေနဲ့ ကျွန်တော်တို့ချစ်မြတ်နိုးတဲ့အရာတွေ ပျက်စီးဆုံးရှုံးတဲ့အခါ ဆုံးရှုံးနစ်နာမှုနည်းနိုင်သမျှနည်းအောင် လုပ်ဆောင်ပေးနိုင်တဲ့ တစ်ခုတည်းသောအရာပဲဖြစ်ပါတယ်…

ဒါပေမယ့် အာမခံဝန်ဆောင်မှုတွေနဲ့ပက်သက်ပြီး ကျွန်တော်တို့နိုင်ငံမှာ သိပ်မတွင်ကျယ်သေးပါဘူး… ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့တွေဟာ ပြဿနာအများစုကို ကျရောက်လာမှသာ ပြဿနာရဲ့ ပမာဏနဲ့ ပျက်စီးဆုံးရှုံးမှုပမာဏကို တွက်ချက်ပြီး ဖြေရှင်းတတ်ကြလို့ပါ…

တကယ်တော့ ဒါဟာ မှားယွင်းတဲ့ ဖြေရှင်းမှုတစ်ခုပါ… ဖြေရှင်းတဲ့နည်းစနစ်မှားယွင်းသွားတာနဲ့ ကျွန်တော်တို့ပိုင်ဆိုင်မှုတွေအားလုံး ပျောက်ဆုံးသွားနိုင်ပါတယ်…

ဒါတွေအားလုံးကို ရာခိုင်နှုန်းတော်တော်များများ ဖြေရှင်းပေးနိုင်တာကတော့ အာမခံဝန်ဆောင်မှုတွေပါ…

အာမခံဝန်ဆောင်မှုတွေကို ဘယ်လိုသိနိုင်မလဲ…?

၂၁ ရာစုကိုရောက်နေပါပြီ…ကျွန်တော်တို့သိချင်တာတွေအားလုံးကို အွန်လိုင်းကနေ ရှာဖွေလို့ရပါတယ်…ဒါပေမယ့် နက်နက်နဲနဲနဲ့ ရှင်းရှင်းလင်းလင်းသိဖို့ဆိုတာတော့ အာမ မခံနိုင်ပါဘူး…

အကောင်းဆုံးအကြံပေးလိုတာကတော့ အာမခံကုမ္ပဏီတွေမှာ ကိုယ်တိုင်ချိတ်ဆက်ပြီး အာမခံဝန်ဆောင်မှုတွေကို လေ့လာတာပဲဖြစ်ဖြစ် ၊ အာမခံကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး အာမခံဝန်ဆောင်မှုတွေအကြောင်း နားလည်သဘောပေါက်အောင် လုပ်ဆောင်တာပဲဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်…

ကျွန်တော်တို့မသိသေးတဲ့ အာမခံအကြောင်းကို ကျွန်တော်တို့ကိုယ်တိုင်လေ့လာပြီး နစ်နာဆုံးရှုံးမှုများကို အကောင်းမွန်ဆုံးကာကွယ်လိုက်ပါ

တိကျမြန်ဆန်….ယမ်းအာမခံ

Insurance for family
Articles, Posts May 10, 2021 10:25 pm

ကျွန်တော်ချစ်သောမိသားစုအတွက် အာမခံထားခဲ့တယ်

More Detail

အနာဂတ်အတွက်ရည်ရွယ်ပြီး စီးပွားဥစ္စာတွေ ရှာဖွေစုစောင်းထားပေမယ့်လည်း…ဒီပိုင်ဆိုင်မှုတွေသာ ပျက်စီးဆုံးရှုံးသွားမယ်ဆိုရင် ငါ့မိသားစုတော့အခက်တွေ့နိုင်ရဲ့ ဆိုတဲ့အတွေးတွေနဲ့ စိတ်ပူပန်နေရတုန်းလား...?

ကျွန်တော်လည်း ဒီလိုပဲပူပန်ခဲ့ဖူးပါတယ်. အခုတော့ နောင်ရေးအတွက်တွေးပူစရာမလိုတော့ဘဲ စိတ်ချလက်ချ အေးချမ်းစွာနေထိုင်နိုင်ပါပြီ. ဘာကြောင့်လဲဆိုတော့ ကျွန်တော်အာမခံဝန်ဆောင်မှုရယူထားလိုက်ပြီလေ...

ဘယ်လိုစပြီးအာမခံထားဖြစ်ခဲ့လဲဆိုတော့ အာမခံလုပ်ငန်းတစ်ခုရဲ့ စကားဝိုင်းတစ်ခုကနေ ကြားလိုက်မိတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကြောင့်ပါပဲ…အမျိုးသမီးတစ်ယောက်ဟာ ဘဏ်ချေးငွေယူပြီး စက်ရုံတစ်ခုတည်ထောင်လိုက်တယ်. တစ်နေ့မှာတော့ ဘဏ်ချေးငွေတောင်မကျေသေးတဲ့ စက်ရုံကြီးဟာမီးလောင်ပြာကျသွားခဲ့တယ်…

ဒါပေမယ့် အာမခံထားခြင်းအကျိုးကြောင့် သူမဟာ လျော်ကြေးပြန်ရရှိခဲ့ပြီး လုပ်ငန်းကိုပြန်ထူထောင်နိုင်ခဲ့တာ အခုဆိုရင်တော်တော်ကြီးအောင်မြင်နေပြီ ဆိုတာပါပဲ…

ဒီအကြောင်းကို ကြားပြီးကတည်းက နောင်အနာဂတ်မှာ ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို ကြိုတင်မှန်းဆမရနိုင်လို့ အကာအကွယ်အနေနဲ့ အာမခံဝန်ဆောင်မှုဟာ မရှိမဖြစ်လိုအပ်တာကြောင့် အာမခံထားဖြစ်ခဲ့ပါတယ်…

မိတ်ဆွေတို့လည်း မိသားစု အနာဂတ်ဘဝလှပစေဖို့ အပြည့်အဝအကာအကွယ်ဖြစ်စေမယ့် အာမခံဝန်ဆောင်မှုတွေကို ရယူထားသင့်ပါတယ်လို့ အကြံပြုလိုက်ပါရစေ...

Insurance Question
Articles, Posts May 10, 2021 10:11 pm

အာမခံထားတာက တကယ်ရော အကာအကွယ်ဖြစ်ရဲ့လား?

More Detail

အာမခံထားတာက တကယ်ရော အကာအကွယ်ဖြစ်ရဲ့လား? ဆိုတဲ့မေးခွန်းအတွက် ဖြေကြားပေးချင်ပါတယ်ခင်ဗျာ…

လွန်ခဲ့တဲ့ ၃နှစ်လောက်က မိတ်ဆွေတစ်ယောက်ပိုင်ဆိုင်တဲ့စားသောက်ဆိုင်ဟာ ဆိုင်မှာသုံးတဲ့ ဂက်စ်အိုးကနေတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်…မီးလောင်မှုကြောင့် ဆိုင်ရဲ့ ၆၅% လောက်ပျက်စီးဆုံးရှုံးသွားခဲ့တော့ သူတို့ယိမ်းယိုင်သွားမလားလို့ စိုးရိမ်မိပါတယ်...

ဒါပေမဲ့ ပိုင်ရှင်အမျိုးသမီးကတော့ ခဏအတွင်းပဲ သူ့ဆိုင်ကို ပြန်လည်တည်ထောင်နိုင်ခဲ့ပါတယ်၊ သူတို့စုဆောင်းငွေများပြားပုံရတယ်လို့ တွေးမိပါတယ်...

သူတို့ဆိုင်ရဲ့ ပျက်စီးသွားတဲ့ ၆၅% လောက်ကို အာမခံ လျော်ကြေးရလိုက်တယ်လို့ သိရပါတယ်... သူတို့ စုဆောင်းပုံကတော့ အတော်ကိုအတုယူစရာကောင်းပါတယ်၊ ကိုယ်ရဲ့ စုဆောင်းထားတဲ့ အာမခံ ငွေကြေးကြောင့်သာ ဆုံးရှုံးနစ်နာမှုတွေ ကာမိခဲ့တာပါ...

တကယ်ဆို သူမသာ အာမခံမထားခဲ့ဘူးဆိုရင် သူမရဲ့ဆုံးရှုံးနစ်နာမှုက မနည်းလှပါဘူး. ဒါကြောင့် အမျိုးမျိုးသော ဆုံးရှုံးနစ်နာမှုတွေနဲ့ မတော်တဆဖြစ်ပွားမှုတွေ အတွက် အာမခံဝန်ဆောင်မှုဟာ အပြည့်အဝ အကာအကွယ်ပေးနိုင်တယ်ဆိုတာ အသေအချာပါပဲခင်ဗျာ…

ဒါကြောင့် မိတ်ဆွေတို့လည်း မိသားစုအတွက်ပဲဖြစ်စေ ၊ လုပ်ငန်းခွင်အတွက်ပဲဖြစ်စေ အာမခံဝန်ဆောင်မှုတွေ ရယူထားဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်...

တိကျမြန်ဆန် ယမ်းအာမခံ (Young Insurance)

young insurance iso
News, Posts May 10, 2021 11:05 am

Young Insurance Co,Ltd မှ ISO 9001:2015 အသိအမှတ်ပြုလက်မှတ်ရရှိခြင်း

More Detail

*Young Insurance* (တိကျမြန်ဆန် ယမ်းအာမခံ) မှ နိုင်ငံတကာအရည်အသွေး စီမံဆောင်ရွက်မှုဆိုင်ရာ စံချိန်စံညွှန်းမှီ “ISO 9001:2015” အသိအမှတ်ပြုလက်မှတ်ရရှိ

=======================================

မြန်မာပြည်သူပြည်သားများ၏ အသက်အိုးအိမ် စည်းစိမ် နှင့် လူနေမှုဘဝတိုးတက် မြင့်မားရေးအတွက် တိကျမြန်ဆန်၍ လုံခြုံစိတ်ချရသော အာမခံအကာအကွယ်များကို ရင်းနှီးမြှပ်နှံမှု့ခိုင်မာတောင့်တင်း၍ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများစွာ လုပ်ဆောင်လျက်ရှိသော YOUNG INSURANCE HOLDING COMPANY LIMITED အာမခံကုမ္ပဏီ သို့ DAS Certification (UK) မှ အရည်အသွေးနှင့် စီမံခန့်ခွဲမှုစနစ်များကောင်းမွန်စွာဆောင်ရွက်ခဲ့ ခြင်းတို့အတွက် ISO 9001:2015 အသိအမှတ်ပြုလက်မှတ် ပေးအပ် ချီးမြင့်ခြင်းကို၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်နေ့တွင် လက်ခံရရှိခဲ့ပါသည်။

အဆိုပါ UK နိုင်ငံအခြေစိုက် International Audit Service Listing စာရင်းဝင် DAS Certification ( UK ) အနေဖြင့် YOUNG INSURANCE အာမခံ၏

- အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ ပြဌာန်းထားသော စည်းမျဉ်းစည်းကမ်း များနှင့်အညီ အာမခံထားရှိသော Customer များ၏ လိုအပ်ချက်နှင့် ကိုက်ညီသော ဝန်ဆောင်မှုများကို တိကျမြန်ဆန်စွာ တစ်သမတ်တည်း ပေးစွမ်းနိုင်ခြင်း။

- အာမခံဝန်ဆောင်မှုများ ကိုတူညီသော ဝန်ဆောင်မှု့များဖြင့်အာမခံထားရှိသော Customer များအတွက်စိတ်ကျေနပ်မှု့ အပြည့်အဝရရှိစေရန် ဝန်ဆောင်မှုပေးနိုင်ခဲ့ခြင်း။

-ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များ နှင့်ဆုံးရှုံးမှု့များကို စနစ်တကျ တိကျမြန်ဆန်စွာဖြင့် ဆုံးရှုံး မှု့ပေါ်ပေါက်သော Customer များသို့ အချိန်နှင့်တစ်ပြေးညီ ဝန်ဆောင်မှု့ပေးနိုင်ခဲ့ခြင်း။

-ကုမ္ပဏီ၏ ရည်မှန်းချက်နှင့် ဝန်ထမ်းများ၏ အခွင့်အလမ်းများအား စည်းမျဉ်းစည်း ကမ်းများ နှင့် အညီကောင်းမွန်စွာ ကိုင်တွယ် လုပ်ဆောင်နိုင်ခြင်း။

- သတ်မှတ်ထားသော အရည်အသွေး စီမံခန့်ခွဲမှုစနစ် (QMS) နှင့်အညီကိုက်ညီစွာ လုပ်ဆောင်နိုင်ခြင်းတို့အပြင်

- လူ့အဖွဲ့အစည်းနှင့် လူမှုအကျိုးပြု ပူးပေါင်း ဆောင်ရွက်ချက်များကိုပါ ကြည့်ရှု့စစ်ဆေးပြီးမှ အဆိုပါ Quality Management System (QMS) အရည်အသွေးစီမံဆောင်ရွက်မှုအတွက် ISO 9001:2015 အသိအမှတ်ပြုလက်မှတ်ကို ပေးအပ်ချီးမြင့်ခဲ့ခြင်းဖြစ်ပါသည်။

* YOUNG INSURANCE* အာမခံကုမ္ပဏီအနေဖြင့် “ISO 9001:2015” အသိအမှတ်ပြုလက်မှတ်ရရှိခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် မြန်မာ့အာမခံ လောကအတွက်လည်း ဂုဏ်ယူဝမ်းမြောက် ဖွယ်ရာ အောင်မြင်မှုမှတ်တိုင်သစ်တစ်ခုကို ထိုးပေးနိုင်ခဲ့ပြီဖြစ်ပါသည်။

ယခုကဲ့သို့ ISO 9001:2015 လက်မှတ်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ရာ၌ အဖက်ဖက်မှ ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြသောသူများနှင့် လက်တွဲညီညီ ကြိုးပမ်းအားထုတ်ပေးခဲ့ကြသော YOUNG INSURANCE အာမခံ၏ ဝန်ထမ်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်း တင်ဂုဏ်ပြုအပ်ပါသည်။

*တိကျမြန်ဆန် ယမ်းအာမခံ*

young insurance iso 9001:2015

young insurance iso 9001:2015

young insurance notice letter
News, Posts February 1, 2021 11:45 am

ချစ်ခင်ရပါသော YIG ဝန်ထမ်းအဖွဲ့နှင့် မိတ်ဖက်အဖွဲ့များအတွက်

More Detail

သို့

ချစ်ခင်ရပါသော YIG ဝန်ထမ်းအဖွဲ့နှင့် မိတ်ဖက်အဖွဲ့များခင်ဗျာ့။

မကြာသေးမီက တိုင်းပြည်အတွင်းရှိ နိုင်ငံရေးအခြေအနေ အပြောင်းအလဲများကို အားလုံးသတိပြု မိသည်နှင့်အမျှ ဖြစ်ပေါ်တိုးတက်မှုများကို မျက်ခြေမပျက်စောင့်ကြည့်ရပါမည်။၀န်ထမ်းများ၏ သာယာဝပြော မှုသည် ကျွန်ုပ်တို့၏ အမြင့်ဆုံးဦးစားပေးမှုဖြစ်ပြီး ကျွန်ုပ်တို့၏အဖွဲဝင်များအားလုံးအား တောင်းဆိုလိုက်ရပါသည်။

• ကျေးဇူးပြု၍ အေးဆေးတည်ငြိမ်စွာဖြင့် အပြောင်းအလဲများကို ထိတ်လန့်မှုများနှင့် မခံစားကြပါနှင့်။

• ယခုလိုအချိန်ကာလတွင် ဆန္ဒပြမှုများ သို့မဟုတ် ဖြစ်ပွားသည့်နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါ၀င်ခြင်းကို ရှောင်ကြဉ်ရန် ၀န်ထမ်းများအားလုံး ကိုတောင်းဆိုပါရစေ။

• မရှိမဖြစ်လိုအပ်သော စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းလည်ပတ်မှုများကို ကျွန်ုပ်တို့၏ဖောက်သည်များ နှင့် လိုအပ်သလိုဆက်လက်လုပ်ဆောင်သွားရမည်။

• လာမည့်၃ရက်အတွင်းသင်၏လိုင်းမန်နေဂျာထံမှ တောင်းဆိုမှုမရှိပါကအိမ်တွင်သာနေထိုင်စေချင်ပါသည်။

• ကျေးဇူးပြု၍ အမြဲတမ်းမျက်စိဖွင့်နားစွင့်ပြီး ဆက်သွယ်ရေးလမ်းကြောင်းများ၊ ဖုန်းများ၊ အီးမေးလ်များ၊ Viber စသည်တို့ကိုဖွင့်ထားပြီး ဆက်သွယ်ပါကတုန့်ပြန်ပေးပါ။

• ဖောက်သည်များအတွက် - ကျွန်ုပ်တို့၏ဝန်ဆောင်မှုနှင့် အသိပေးချက်ကို တရားဝင်အာမခံချက်အဖြစ် အမြန်ဆုံးအသိပေးသွားပါမည်။

• အခြားမိတ်ဖက်များနှင့်ပြင်ပမှပါ၀င်ပတ်သက်သူများအားလုံးအတွက်ကျွန်ုပ်တို့၏အစီအစဉ်နှင့်လုပ်ဆောင်မှုများကို တတ်နိုင်သမျှ အမြန်ဆုံးတင်ပြပေးသွားပါမည်။

• အကြီးတန်းခေါင်းဆောင်မှုအဖွဲ့အစည်းအဝေးပြီးနောက် ပြင်ပဆက်သွယ်မှုတွေနှင့် သတင်းထုတ်ပြန်ချက် များကို ဆက်လတ်ဆောင်ရွက်သွားပါမည်။

• သက်ဆိုင်ရာအာဏာပိုင်များ၏လမ်းညွှန်ချက်များကိုတသွေမတိမ်းလိုက်နာဆောင်ရွက်သွားပါမည်။

• BCT (Business Continuity Team) စီးပွားရေးစီမံခန့်ခွဲမှုအသင်းရဲ့ ညွှန်ကြားချက်အတိုင်း အသစ်ထပ်မံ ဖြည့်စွက်မှုများအားအချိန်မီဖော်ပြပေးပါမည်။

လုံခြုံစွာနေထိုင်ပြီးဂရုစိုက်ကြပါ။ ..

ဒါရိုက်တာဘုတ်အဖွဲ့
Young Investment Group.

agent award 2020 in myanmar
News, Posts December 28, 2020 9:03 pm

Young Insurance Co.,Ltd မှ ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ် Agent Award 2020

More Detail

Young Insurance မှ မြန်မာတစ်ပြည်လုံးရှိ အာမခံကိုယ်စားလှယ်တော်ကြီးများအားလုပ်ငန်းစွမ်းဆောင်ရည်အကောင်းဆုံးဆုချီးမြင့်ခြင်းနှင့်စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကျင်းပ...

အထွေထွေအာမခံ ဝန်ဆောင်မှုပေးနေသော Young Insurance ကုမ္ပဏီမှ ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်သော (၂၀၂၀) ပြည့်နှစ်၊ တစ်နှစ်တာကာလအတွင်းလုပ်ငန်းစွမ်းဆောင်ရည် အကောင်းဆုံးစွမ်းဆောင်နိုင် သောအာမခံ ကိုယ်စားလှယ်များ ကို ရွေးချယ်၍ အာမခံ ကိုယ်စားလှယ်တော် ကြီးများအား ဆုချီးမြှင့်ခြင်း နှင့် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ မှလမ်းညွန်ထားသည့် စာချုပ်ပုံစံများအတိုင်း အာမခံ ကိုယ်စားလှယ်တော်ကြီးများနှင့် စာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကို Young Insurance ရန်ကုန်ရုံးချုပ်တွင် (၂၀၂၀) ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ချမှတ်ထားသော Covid -19 ရောဂါမပြန့်ပွားစေရေးလမ်းညွန်ချက်များ၊စည်းကမ်းများနှင့် အညီကျင်းပ ပြုလုပ် ခဲ့ပါသည်။

ဒီပွဲအခမ်းအနားလေးမှာဆိုရင် ယမ်းအာမခံမှ အမှုဆောင်အရာရှိအပါအဝင် တာဝန်ရှိသူများ၊ဌာနကြီးမှူးများ၊ဖိတ်ကြားထားသောဧည့်သည် တော်များ ၊ယမ်းအာမခံနှင့်လက်တွဲ ဆောင်ရွက်လျက်ရှိသောမြန်မာတစ်ပြည်လုံးရှိ အာမခံကိုယ်စားလှယ်တော်ကြီးများမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော Covid-19 ကပ်ရောဂါ မပြန့်ပွားစေရေး စည်းကမ်းချက်များနှင့်အညီ တက်‌ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် 2020 ခုနှစ်အတွက်ကောင်းဆုံးလုပ်ငန်း စွမ်းဆောင်နိုင်ခဲ့သော မြန်မာတစ်ပြည်လုံးရှိအာမခံ ကိုယ်စားလှယ်တော်ကြီးများအား လုပ်ငန်းစွမ်းဆောင်ရည်ဆုများကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းများရှိ ယမ်းအာမခံ ရုံးများ၌ တစ်ပြိုင်တည်း ဆုများ ပေးအပ်ချီးမြှင့်ခြင်းနှင့် အာမခံကြီးကြပ်ရေးအဖွဲ့မှ လမ်းညွန်ထား သောစာချုပ်ပုံစုံများအတိုင်း စာချုပ်များ ချုပ်ဆိုခဲ့ကြပါသည်။

ဒီနောက်မှာတော့ အနာဂတ်ကာလ မှာအများပြည်သူအတွက် အာမခံလုပ်ငန်းဝန်ဆောင်မှု့များကို အတူတစ်ကွထာဝရလက်တွဲဆောင်ရွက်နိုင်ရေးအတွက်အကြံပြုဆွေးနွေးခြင်း၊အာမခံကိုယ်စားလှယ်တော်ကြီးများမှသိရှိလိုသည်များအားမေးခွန်းများမေးမြန်းခြင်းနှင့်တာဝန်ရှိသူများမှ ပြန်လည်ဖြေကြား၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြပါသည်။

တိကျမြန်ဆန် ယမ်းအာမခံ

agent award 2020 in myanmar