Insurance Question

အာမခံထားတာက တကယ်ရော အကာအကွယ်ဖြစ်ရဲ့လား?


Articles, Posts May 10, 2021 10:11 pm

အာမခံထားတာက တကယ်ရော အကာအကွယ်ဖြစ်ရဲ့လား? ဆိုတဲ့မေးခွန်းအတွက် ဖြေကြားပေးချင်ပါတယ်ခင်ဗျာ…

လွန်ခဲ့တဲ့ ၃နှစ်လောက်က မိတ်ဆွေတစ်ယောက်ပိုင်ဆိုင်တဲ့စားသောက်ဆိုင်ဟာ ဆိုင်မှာသုံးတဲ့ ဂက်စ်အိုးကနေတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်…မီးလောင်မှုကြောင့် ဆိုင်ရဲ့ ၆၅% လောက်ပျက်စီးဆုံးရှုံးသွားခဲ့တော့ သူတို့ယိမ်းယိုင်သွားမလားလို့ စိုးရိမ်မိပါတယ်...

ဒါပေမဲ့ ပိုင်ရှင်အမျိုးသမီးကတော့ ခဏအတွင်းပဲ သူ့ဆိုင်ကို ပြန်လည်တည်ထောင်နိုင်ခဲ့ပါတယ်၊ သူတို့စုဆောင်းငွေများပြားပုံရတယ်လို့ တွေးမိပါတယ်...

သူတို့ဆိုင်ရဲ့ ပျက်စီးသွားတဲ့ ၆၅% လောက်ကို အာမခံ လျော်ကြေးရလိုက်တယ်လို့ သိရပါတယ်... သူတို့ စုဆောင်းပုံကတော့ အတော်ကိုအတုယူစရာကောင်းပါတယ်၊ ကိုယ်ရဲ့ စုဆောင်းထားတဲ့ အာမခံ ငွေကြေးကြောင့်သာ ဆုံးရှုံးနစ်နာမှုတွေ ကာမိခဲ့တာပါ...

တကယ်ဆို သူမသာ အာမခံမထားခဲ့ဘူးဆိုရင် သူမရဲ့ဆုံးရှုံးနစ်နာမှုက မနည်းလှပါဘူး. ဒါကြောင့် အမျိုးမျိုးသော ဆုံးရှုံးနစ်နာမှုတွေနဲ့ မတော်တဆဖြစ်ပွားမှုတွေ အတွက် အာမခံဝန်ဆောင်မှုဟာ အပြည့်အဝ အကာအကွယ်ပေးနိုင်တယ်ဆိုတာ အသေအချာပါပဲခင်ဗျာ…

ဒါကြောင့် မိတ်ဆွေတို့လည်း မိသားစုအတွက်ပဲဖြစ်စေ ၊ လုပ်ငန်းခွင်အတွက်ပဲဖြစ်စေ အာမခံဝန်ဆောင်မှုတွေ ရယူထားဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်...

တိကျမြန်ဆန် ယမ်းအာမခံ (Young Insurance)