ပင်မစာမျက်နှာ » အသက်အာမခံ

စုပေါင်းအသက်အာမခံဆိုသည်မှာ ကာယ၊ ဉာဏ အလုပ်သမားများ လုပ်ငန်းခွင်အတွင်း နှင့် လုပ်ငန်းခွင်ပြင်ပတွင် အသက်နှင့် ကိုယ်လက်အင်္ဂါထိခိုက်မှုများအတွက် ငွေကြေးအကျိုးခံစားခွင့်များ ရရှိနိုင်သော အာမခံအမျိုးအစားဖြစ်ပါသည်။

ကိုယ်အင်္ဂါထိခိုက်မှုအာမခံဆိုသည်မှာ မမျှော်လင့်ထားသော မတော်တဆမှုများကြောင့် အသက်ဆုံးရှုံးမှုများ၊ မသန်မစွမ်းမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ စသဖြင့်ရှိလာပါက မိမိတန်ဖိုးထားသော မိသားစုများအဆင်ပြေစေရန်အတွက် ငွေကြေးအားဖြင့်ကူညီ ထောက်ပံ့ပေးသော အာမခံအမျိုးအစားဖြစ်ပါသည်။

အာယုပါလကျန်းမာရေးအာမခံဆိုသည်မှာ မတော်တဆဖြစ်ခြင်း နာမကျန်းဖြစ်ခြင်း အတွက်သာမက Covid-19 ရောဂါကြောင့် ဆေးရုံသို့ အသွားအလာကန့်သတ်ခံရခြင်း နှင့် ကူးစက်ခံရခြင်းတို့ဖြစ်ပါက ငွေကြေးအကျိုးခံစားခွင့် ပေးသည့် အာမခံအမျိုးအစားဖြစ်ပါသည်။

ပြင်းထန်သောရောဂါကုသမှုအာမခံဆိုသည်မှာ ရောဂါကုသမှုများအတွက် ကုန်ကျမည့်စရိတ်များကို ငွေကြေးအားဖြင့် လျှော့ချပေးသော အာမခံအမျိုးအစားဖြစ်ပါသည်။

ခရီးသွားအာမခံဆိုသည်မှာ ပြည်တွင်း၊ ပြည်ပ ခရီးစဉ်များကို လေယာဉ်၊ ရေယာဉ်၊ ကိုယ်ပိုင်ယာဉ်၊ စင်းလုံးငှားယာဉ်၊ အများ ပြည်သူသုံးယာဉ်လိုင်းများ စသည့်ဖြင့်သွားရာတွင် မမျှော်လင့်ထားသော မတော်တဆထိခိုက်ဆုံးရှုံးမှုများရှိလာပါက ငွေကြေး အားဖြင့်ကူညီထောက်ပံ့ပေးသော အာမခံအမျိုးအစားဖြစ်ပါသည်။

ပညာရေးအသက်အာမခံဆိုသည်မှာ လူကြီးမင်း၏ သားငယ်သမီးငယ်များအား သူတို့၏ပညာရေးရည်မှန်းချက်များကို ပြီးမြောက်စေရန်အတွက် ငွေကြေးထောက်ပံ့ပေးသော အာမခံအမျိုးအစားဖြစ်ပါသည်။

စာသင်သားအသက်အာမခံဆိုသည်မှာ လူကြီးမင်း၏ သားငယ်သမီးငယ်များအား သူတို့၏ပညာရေးရည်မှန်းချက်များကိုပြီးမြောက်စေရန်အတွက် ငွေကြေးထောက်ပံ့ပေးသော အာမခံအမျိုးအစားဖြစ်ပါသည်။

အာမခံထားသူ သေဆုံးသဖြင့် ခံစားရသည့် ငွေကြေးဆုံးရှုံးမှုကို အကာအကွယ်ပေးသည့် အာမခံအမျိုးအစား ဖြစ်ပြီး၊ ရှင်သန်မှုအကျိုးခံစားခွင့်နှင့် နှစ်စေ့သောအခါ စုဆောင်းမှု အကျိုးခံစားမှုကိုထိုက်ထိုက်တန်တန်ရရှိစေရန် ရည်ရွယ်ပါသည်။ ပြည်တွင်းနေ နိုင်ငံခြားသားများအပါအဝင် ဝင်ငွေအလယ်အလတ်နှင့် အထက်ရှိသော မြန်မာနိုင်ငံ ပြည်သူလူထုအတွက် ရည်ရွယ်ပါသည်။

၎င်းအာမခံသည် အာမခံထားသူအသက်ဆုံးရှုံးပါက ၎င်း၏စီးပွားရေးငွေကြေးဆုံးရှုံးမှုများကို ကာကွယ်ပေးသော အာမခံဖြစ်ပါသည်။ ငွေပင်ငွေရင်းအသက်အာမခံ အမျိုးအစားဖြစ်သောကြောင့် အာမခံအကာအကွယ်ယူရင်း ငွေစုဆောင်းနိုင်သော အမျိုးအစားဖြစ်ပါသည်။

၎င်းအာမခံသည် ချေးငွေယူထားသူများအတွက် မမျှော်လင့်ထားသော ထိခိုက်နစ်နာမှုများကြောင့် ချေးငွေပြန်လည် မဆပ်နိုင်ပါက ကူညီထောက်ပံ့ပေးသောအာမခံအမျိုးအစားဖြစ်ပါသည်။ ၎င်းအာမခံကို အာမခံထားငွေ တဖြည်းဖြည်း လျော့ချသည့် (Decreasing Sum Insured) ချေးငွေအသက်အာမခံ အမျိုးအစားဖြစ်ပါသည်။

၎င်းအာမခံသည် ချေးငွေယူထားသူများအတွက် မမျှော်လင့်ထားသော ထိခိုက်နစ်နာမှုများကြောင့် ချေးငွေပြန်လည် မဆပ်နိုင်ပါက ကူညီထောက်ပံ့ပေးသောအာမခံအမျိုးအစားဖြစ်ပါသည်။ ၎င်းအာမခံကို အာမခံထားငွေ တဖြည်းဖြည်း လျော့ချခြင်း (Decreasing Sum Insured) ဖြင့်လည်းကောင်း ပုံသေအာမခံထားငွေ (Fixed Sum Insured) ဖြင့်လည်းကောင်း ထားရှိနိုင်ပါသည်။