ပင်မစာမျက်နှာ » အသက်အာမခံ » ကျန်းမာရေးအာမခံ

ကျန်းမာရေးအာမခံ

ကျန်းမာရေးအာမခံသည် မတော်တဆဖျားနာမှုများအတွက် ငွေကြေးအကျိုးခံစားခွင့်များကိုပါ ပံ့ပိုးပေးသည့် အာမခံအမျိုးအစားဖြစ်သည်။

အာမခံထားခွင့်ရှိသူ

  • အသက် (၆) နှစ် မှ (၇၅) အထိ ထားရှိနိုင်သည်။
  • အသက် (၆) နှစ် မှ (၁၈) နှစ် အတွင်းရှိသူများကို မိဘအုပ်ထိန်းသူမှထားပေးနိုင်ပါသည်။
  • အာမခံထားသူများသည် မြန်မာနိုင်ငံသားများ၊ မြန်မာနိုင်ငံအတွင်းနေထိုင်နေသော နိုင်ငံခြားသားများ၊ တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့သော်လည်းကောင်း ထားရှိနိုင်သည်။

ထားရှိနိုင်သော အာမခံသက်တမ်း

အာမခံသက်တမ်းကတော့ (၁) နှစ်ဖြစ်ပြီး ပရီမီယံကြေး ပေးသွင်းသည့် ရက်မှစတင်ပါသည်။

ပရီမီယံ

အာယုပါလကျန်းမာရေးအာမခံကို အနည်းဆုံး (၁)ယူနစ် မှ အများဆုံး (၁၀)ယူနစ်ထိဝယ်ယူနိုင်ပါသည်။

အာယုပါလကျန်းမာရေးအာမခံ၏ ပရီမီယံနှုန်းဇယား

အာမခံအကာအကွယ်အမျိုးအစား
(၁) ယူနစ်

အသက်

တစ်ဦးချင်းထားရှိမှု

အစုအဖွဲ့အလိုက်ထားရှိမှု

၆ လ ၁ နှစ် လစဉ် ၃ လ ၆ လ ၁ နှစ်

အခြေခံအာမခံအကာအကွယ်

6~30 5600 11000 1000 2800 5300 10500

31~40

7300 14300 1200 3600 6900

13600

41~50

9000 17600 1500 4400 8600 16700

51~60

14600 28600 2500 7100 13900 27200
61~75 31400 61600 5300 15400 29800

58500

ရွေးချယ်နိုင်သည့်အာမခံအပိုအကာအကွယ် - ၁

6~75 8400 16500 1400 4200 8000

15700

ရွေးချယ်နိုင်သည့်အာမခံအပိုအကာအကွယ် - ၂ 6~75 4500 8800 800 2200 4300

8400

အကျိုးခံစားခွင့်များ

အခြေခံအကာအကွယ် (၁)ယူနစ်လျှင်

  • ဆေးရုံတက်စရိတ် တစ်ရက်လျှင် ၁၀,၀၀၀/- ကျပ် ( အများဆုံး ဆေးရုံတက်ရက်ပေါင်း (၆၀)ရက် )
  • မတော်တဆ ထိခိုက်မှုဖြင့် သေဆုံးလျှင် ၁,၀၀၀,၀၀၀/- ကျပ်
  • နေထိုင်မကောင်းဖြစ်၍ သေဆုံးလျှင် ၁,၀၀၀,၀၀၀/- ကျပ်
  • မတော်တဆထိခိုက်မှုကြောင့်လည်းကောင်း၊ နေထိုင်မကောင်းဖြစ်ခြင်းကြောင့်လည်းကောင်း ထာဝစဉ်မသန်မစွမ်းဖြစ်လျှင် ၁,၀၀၀,၀၀၀/- ကျပ်

အပိုအကာအကွယ် (၁) ၁ယူနစ်လျှင်

  • ခွဲစိတ်ကုသရန် (၁)ယူနစ် အတွက် အနည်းဆုံး ၅၀၀,၀၀၀/-
  • ကိုယ်ဝန်ပျက်ကျမှု့အတွက် ဝယ်ယူထားသည့် ယူနစ် နှင့် မသက်ဆိုင်ပဲ ၃၀၀,၀၀၀/- ကျပ် အထိ ခံစားနိုင်ပါသည်။

အပိုအကာအကွယ် (၂) ၁ယူနစ်လျှင်

  • နေမကောင်း ၍ ဆေးခန်းပြလျှင် တစ်ခါြပလျှင် ၂,၅၀၀/-
  • တစ်နှစ်လျှင် အများဆုံး (၄) ကြိမ်
  • ဆေးခန်းတစ်ခါပြလျှင် အများဆုံးပမာဏ 10,000 ကျပ်။

အကျိုးခံစားခွင့်တောင်းခံခြင်း

  • အသက်(၁၈)နှစ်ပြည့်ပြီးသော အာမခံထားသူကိုယ်တိုင် (သို့မဟုတ်) အသက်(၁၈)နှစ်မပြည့်သေးပါက မိဘ(သို့) အုပ်ထိန်းသူမှ အကျိုးခံစားခွင့်ကိုတောင်းခံနိုင်ပါသည်။
  • အာမခံထားရှိသူ သေဆုံးပါက အာမခံစာချုပ်ပါ အကျိုးခံစားခွင့်လွှဲပြောင်းထားရှိသူမှ အကျိုးခံစားခွင့် တောင်းခံ နိုင်ပါသည်။

ကျန်းမာရေးအာမခံကို ဘယ်လိုထားရှိနိုင်မလဲ

  • ကျန်းမာရေးအာမခံကိုထားမယ်ဆိုရင် ယမ်းအာမခံရုံးများကိုဆက်သွယ်ပြီး ထားရှိနိုင်သလို ယမ်းအာမခံမှ ခန့်အပ်ထားသော အာမခံကိုယ်စားလှယ်တော်ကြီးများမှ တဆင့်လဲထားရှိနိုင်ပါသည်။
  • အကျိုးခံစားခွင့်နှင့်ပတ်သက်ပြီး တောင်းခံရာတွင် ဆေးရုံမှဆင်းပြီးပြီးခြင်း ဆေးရုံမှစာရွက်စာတန်း များဖြင့် တောင်းခံနိုင်ပါသည်။
  • ကျန်းမာရေးအာမခံထားမည့်သူများအနေဖြင့် ယမ်းအာမခံမှ ကျွမ်းကျင်ဝန်ထမ်း (သို့) အာမခံကိုယ်စားလှယ် တော်ကြီးများမှ ပရီမီယံတွက်ချက်ပုံများကိုရှင်းပြခြင်း၊ အဆိုပြုလွှာဖြည့်ရန် စီစဉ်ပေးခြင်း၊ လွယ်ကူရိုးရှင်းသော လုပ်ထုံးလုပ်နည်းများမှတဆင့် မူဝါဒများထုတ်ပေးခြင်း စသည့် အကောင်းဆုံးဝန်ဆောင်မှုကိုလည်းရရှိမည် ဖြစ်ပါသည်။

အကျိုးခံစားခွင့်လျောက်ထားမည့်အချက်များ

  • အာမခံထားသူသည် ဆေးရုံတက်ရပြီဆိုပါက ဆေးရုံတက်သည်နှင့်တစ်ပြိုင်ထဲ အာမခံကုမ္ပဏီသို့ အကြောင်းကြားရမည်ဖြစ်သည်။
  • ဆေးရုံမှဆင်းပြီဆိုပါက အာမခံထားသူသည် လိုအပ်သောဖောင်များ၊ မှတ်တမ်းများ နှင့်အတူ အာမခံအကျိုးခံစားခွင့်များ ရရှိရန်အတွက် လျောက်ထားနိုင်သည်။
  • ယမ်းအာမခံမှ ကျွမ်းကျင်ဝန်ထမ်းများမှ တောင်းဆိုသူ၏ အချက်အလက်များကို အမြန်ဆုံးစစ်ဆေးပြီး တောင်းဆိုသူမှ အမြန်ဆုံးအကျိုးခံစားခွင့်ရရှိရန် လုပ်ဆောင်မည်ဖြစ်သည်။

အကျိုးခံစားခွင့်မရှိသောအချက်များ

အကျိုးခံစားခွင့်နှင့်ပတ်သက်ပြီး အာမခံထားသူ၏ ခံစားခွင့်မရှိသောအချက်များကို အောက်တွင်ဖော်ပြထားပါသည်။
  • ဆေးရုံးတက်နေရသောပုဂ္ဂိုလ်များ နှင့် ဆရာဝန်မှ ဆေးရုံတက်ရန် (သို့) ဖျားနာနေသည်ဟု အကြံပြုထားသောသူများ
  • ကလေးမွေးဖွားခြင်းနှင့် သားဖွားခြင်းဆိုင်ရာခွဲစိတ်ကုသခြင်း
  • စိတ်ပိုင်းဆိုင်ရာမူမမှန်ခြင်း၊ မွေးရာပါရောဂါအခံရှိခြင်း၊ ရောဂါရှာဖွေခြင်း သို့မဟုတ် အပန်းဖြေခြင်းအတွက်ဆေးရုံတက်ခြင်း
  • ကလေးရရန်အတွက်ဆေးရုံတက်ခွဲစိတ်ကုသမှုခံယူခြင်း နှင့် မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှအပ သွားဘက်ဆိုင်ရာကုသမှုခံယူခြင်း
  • မတော်တဆထိခိုက်မှုမှ လွဲ၍ မျက်စိစမ်းသပ်ခြင်း၊ အမြင်အာရုံချို့ယွင်းခြင်း၊ အမြင်အာရုံတိုးတက်မှုကုထုံးခံယူခြင်း
  • မည်သည့်ဗေဒကုသမှု၊ နားကြားကိရိယာများအတွက်မဆိုကုသမှု
  • မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု၊ ရာဇ၀တ်မှုကျူးလွန်ခြင်း၊ အေအိုင်ဒီအက်စ်ရောဂါဖြစ်ခြင်း
  • နိုင်ငံခြားတွင် ဆေးရုံတက်ခြင်း သို့မဟုတ် ခွဲစိတ်ကုသမှုခံယူခြင်း
  • အကြမ်းဖက်မှု၊ သပိတ်မှောက်မှု၊ အဓိကရုဏ်းများ၊ စစ်ပွဲနှင့်စစ်ကဲ့သို့သောအခြေအနေများကြောင့် တောင်းဆိုမှုများ
  • ရောဂါကုသမှုများအတွက် သုံးရက်ထက်နည်း ဆေးရုံတင်ကုသမှု
  • မှားယွင်းသောတောင်းဆိုမှုများနှင့် မိမိကိုယ်ကိုသတ်သေမှု