ပင်မစာမျက်နှာ » အသက်အာမခံ » ပညာရေးအသက်အာမခံ

ပညာရေးအသက်အာမခံ

ပညာရေးအသက်အာမခံဆိုသည်မှာ လူကြီးမင်း၏ သားငယ်သမီးငယ်များအား သူတို့၏ပညာရေးရည်မှန်းချက်များကို ပြီးမြောက်စေရန်အတွက် ငွေကြေးထောက်ပံ့ပေးသော အာမခံအမျိုးအစားဖြစ်ပါသည်။

အာမခံထားပေးခွင့်ရှိသူ

  • အာမခံထားသူဆိုသည်မှာ အာမခံပေါ်လစီ၏ အခြေအနေအရပ်ရပ် အောက်တွင် လူတစ်ဦးတစ်ယောက် အာမခံရယူခြင်းဖြစ်ပါသည်။

အာမခံထားပေးနိုင်သူ

  • တစ်စုံတစ်ဦိး၏အသက်အား သူ၏သားသမီးများ၏ ပညာရေးအတွက် အာမခံပေးလို့ရပါတယ် (ကျန်းမာရေးဆေးစစ်ချက်ခံယူဖို့တော့ လိုအပ်ပါသည်)

အာမခံထားခွင့်ရှိသော အသက်အရွယ်

  • အာမခံပေါ်လစီရယူရမည့် အသက်အရွယ်သည် အသက်၁၈နှစ်မှ ၅၆နှစ်အတွင်းဖြစ်ရပါမည်။(အသက် 56နှစ်အတွက်ဆိုလျှင်တော့ အာမခံသက်တမ်းအား အများဆုံး ၉နှစ်အထိ သတ်မှတ်နိုင်ပါသည်။)

ထားရှိနိုင်သော အာမခံသက်တမ်း

  • အာမခံသက်တမ်းကို ၉ နှစ်ပေါ်လစီအတွက် ပရီမီယံပေးသွင်းရန်ကာလ ၅ နှစ်၊ ၁၁ နှစ်ပေါ်လစီအတွက် ပရီမီယံပေးသွင်းရန်ကာလ ၇ နှစ်၊ ၁၄ နှစ်ပေါ်လစီအတွက် ပရီမီယံပေးသွင်းရန်ကာလ ၁၀ နှစ် ဖြစ်သည်။

အာမခံထားငွေ

  • အာမခံထားငွေကို အနည်းဆုံး သိန်း ၅၀ မှ အများဆုံး သိန်း ၁၀၀၀ ထိထားရှိနိုင်ပါသည်။

ပရီမီယံပေးချေမှုကာလ 

  • ဤအာမခံပေါ်လစီအတွက် ပရီမီယံငွေပေးချေမှုကာလများသည် သက်ဆိုင်ရာမူဝါဒ၏ သက်တမ်းပေါ် မူတည်၍ ၅ နှစ်၊ ၇ နှစ် နှင့် ၁၀ နှစ်ဖြစ်သည်။

ပရီမီယံပေးချေမှု

  • ပရီမီယံငွေပေးချေမှုကို လစဉ်၊ ၃လတကြိမ်၊ ၆လတကြိမ်၊ ၁၂လတကြိမ် ပေးချေနိုင်ပါသည်။ (ပရီမီယံကိုအနည်းဆုံး (၃) နှစ်ပေးပြီးမှတရားဝင်သည်။)

အကျိုးခံစားခွင့်များ

ပညာရေးအာမခံပေါ်လစီသည် ပရီမီယံပေးဆောင်သည့် ကာလကုန်ဆုံးသွားသည်အထိသာသက်ရောက်မည်ဖြစ်သည်။ ပရီမီယံပေးဆောင်သည့် ကာလအဆုံးမှ အာမခံနှစ် ကုန်ဆုံးသွားသည်အထိ ပရီမီယံသက်တမ်း ကုန်ဆုံးသည့်နေ့အပါအဝင် အာမခံကုမ္ပဏီသည် ပညာရေးအကျိုးခံစားခွင့်အဖြစ် အာမခံငွေစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းအား ပြန်လည်ထုတ်ပေးမည် ဖြစ်သည်။