ပင်မစာမျက်နှာ » အသက်အာမခံ » စာသင်သားအသက်အာမခံ

စာသင်သားအသက်အာမခံ

စာသင်သားအသက်အာမခံဆိုသည်မှာ လူကြီးမင်း၏ သားငယ်သမီးငယ်များအား သူတို့၏ပညာရေးရည်မှန်းချက်များကိုပြီးမြောက်စေရန်အတွက် ငွေကြေးထောက်ပံ့ပေးသော အာမခံအမျိုးအစားဖြစ်ပါသည်။

အာမခံဝယ်ယူနိုင်သူ

  • အာမခံပေါ်လစီအား မိဘဖြစ်သူ၏နာမည် သို့မဟုတ် အသက် ၁၈နှစ်မှ ၅၅နှစ်ကြား အုပ်ထိန်းသူတစ်ဦးဦး၏ နာမည်ဖြင့် ပေးချေရမည်ဖြစ်သည်။

အာမခံထားပေးခွင့်ရှိသူ

  • ကျောင်းသားအသက်အာမခံအား အသက် ၁နှစ်မှ ၁၂နှစ်ကြားသားသမီးများ အတွက် အာမခံနိုင်ပါသည်။ပေါ်လစီအရပြောရလျှင် သားသမီးတစ်ဦး ကိုသာ အာမခံခွင့်ရှိသည်။

ထားရှိနိုင်သော အာမခံသက်တမ်း

  • အာမခံသက်တမ်းမှာ ၈နှစ်မှ ၁၉နှစ်အထိဖြစ်ပြီး ပရီမီယံသက်တမ်း အားဖြင့် ၅နှစ်မှ ၁၆နှစ်အတွင်းရှိပါသည်။

အာမခံထားငွေ

  • အာမခံထားငွေကို အနည်ဆုံး ၁၀ သိန်းမှ အများဆုံး သိန်း ၁၀၀၀ ထိထားခွင့်ရှိပါသည်။

ပရီမီယံနှုန်းထား 

  • ပရီမီယံနှုန်းထား - အနည်းဆုံး ၁လကို ၁ မီလီယံကျပ်မှ အများဆုံး ၁၀၀ မီလီယံကျပ်ထိ

ပရီမီယံပေးချေမှု

  • ငွေပေးချေမှုအား လစဉ်ပေးချေမှုအပြင် သုံးလတစ်ကြိမ်ဖြစ်စေ၊တစ်နှစ်လျှင် နှစ်ကြိမ်ပေးသွင်းသည်ဖြစ်စေ၊ ငွေတစ်လုံးတစ်ခဲတည်းဖြစ်စေ ပေးချေနိုင်ပါသည်။

အကျိုးခံစားခွင့်များ

အာမခံထားပေးသူနှင့် အာမခံထားသူတို့သည် အောက်ပါအကျိုးခံစားခွင့်များရရှိမည်ဖြစ်သည်။
  • ပညာသင်ဆုအကျိုးခံစားခွင့်
  • သေဆုံးမှုအကျိုးခံစားခွင့်
  • ထာဝစဉ်မသန်မစွမ်းမှုအကျိုးခံစားခွင့်
  • ပရီမီယံကင်းလွတ်အကျိုးခံစားခွင့်