ပင်မစာမျက်နှာ » အသက်အာမခံ » ကိုယ်အင်္ဂါထိခိုက်မှုအာမခံ

ကိုယ်အင်္ဂါထိခိုက်မှုအာမခံ

ကိုယ်အင်္ဂါထိခိုက်မှုအာမခံဆိုသည်မှာ မမျှော်လင့်ထားသော မတော်တဆမှုများကြောင့် အသက်ဆုံးရှုံးမှုများ၊ မသန်မစွမ်းမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ စသဖြင့်ရှိလာပါက မိမိတန်ဖိုးထားသော မိသားစုများအဆင်ပြေစေရန်အတွက် ငွေကြေးအားဖြင့်ကူညီ ထောက်ပံ့ပေးသော အာမခံအမျိုးအစားဖြစ်ပါသည်။

အာမခံထားခွင့်ရှိသူ

  • အသက် (၁၆) နှစ်မှ (၆၅) နှစ်အတွင်းရှိသူများထားရှိနိုင်သည်။
  • အသက် (၆) နှစ်မှ (၁၈) နှစ်ရှိသောလူငယ်များအတွက် မိဘအုပ်ထိန်းသူမှ ထောက်ခံချက်ဖြင့်ထားရှိနိုင်သည်။
  • မြန်မာပြည်သူပြည်သားများ၊ မြန်မာပြည်အတွင်း လည်ပတ်နေထိုင်သော နိုင်ငံခြားသားများ ထားရှိနိုင်ပြီး အနည်းဆုံး (၅) ဦးနှင့်အထက်လည်းထားရှိနိုင်ပါသည်။

ထားရှိနိုင်သော အာမခံသက်တမ်း

  • ပရီမီယံငွေပေးချေသည့်နေ့မှစ၍ ၃ လ၊ ၆ လ၊ ၁ နှစ် အထိဖြစ်သည်။

အာမခံထားငွေ

  • အာမခံထားငွေ အနည်းဆုံး ကျပ်ငွေ ၅ သိန်း မှ အများဆုံး ကျပ်ငွေ သန်း ၂၀ အထိ
  • အာမခံထားငွေ အနည်းဆုံး USD $1000 မှ အများဆုံး USD $200,000 အထိ

ပရီမီယံ

  • ကျသင့်ပရီမီယံကို တစ်လုံးတည်းပေးရမည်။

ပရီမီယံနှုန်း

  • ကျသင့်ပရီမီယံနှုန်းသည် အာမခံထားငွေ၏ ၀.၇ ရာခိုင်နှုန်းဖြစ်သည်။ (အကယ်၍ အာမခံထားသူ၏ အလုပ်သည် အန္တရာယ်ရှိသောလုပ်ငန်းခွင်မျိုးတွင်ဆိုလျှင် ပရီမီယံနှုန်းသည် အာမခံထားငွေ၏ ၁ ရာခိုင်နှုန်းဖြစ်မည်။)

အာမခံအကာအကွယ်

ရရှိမည့်အာမခံအကာအကွယ်တွေကတော့
  • ထိခိုင်ဒဏ်ရာရရှိခြင်း
  • ဆေးရုံတင်ရခြင်း
  • ထိခိုက်မှုကြောင့် အလုပ်မလုပ်နိုင်ခြင်း
  • ထာဝစဉ်မသန်မစွမ်းဖြစ်ခြင်း
  • မတော်တဆထိခိုက်မှုကြောင့် အသက်ဆုံးရှုံးခြင်း

အကျိုးခံစားခွင့်ရှိသော အချက်များ

  • မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်း၊ ထိခိုက် ဒဏ်ရာရခြင်းများအတွက် သတ်မှတ်ထားသော ရာခိုင်နူန်းအတိုင်း ရရှိရမည်။
  • ရက်သတ္တ(၂)ပတ်အတွင်း အကြောင်းကြား တောင်းခံရမည်။
  • ထိခိုက်ဒဏ်ရာရခြင်းကြောင့် ဆေးရုံတက်ရခြင်းနှင့် အလုပ်မလုပ်နိုင်ခြင်းအတွက် ရက်သတ္တတစ်ပါတ် လျှင် အာမခံထားငွေ၏ ၃% ဖြင့်အများဆုံး အာမခံ ထားငွေ၏ ၁၅% ထက်မပိုသောငွေကြေး ကိုရရှိမည်။

အကျိုးခံစားခွင့်မရှိသောအချက်များ

  1. မိမိကိုယ်ကိုသေကြောင်း ကြံစည်ခြင်း။
  2. မူးယစ်ဆေးဝါးသုံးစွဲခြင်း။
  3. နေမကောင်းမူကြောင့် အသက်သေဆုံးခြင်း၊ ထာဝစဉ် မသန်စွမ်းဖြစ်ခြင်း။
  4. စစ်၊ သပိတ်မှောက်ခြင်း၊ အဓိကရုဏ်းဖြစ်ခြင်းနှင့် ပြည်တွင်းမငြိမ်မသက်ဖြစ်ခြင်း။
  5. ရှိရင်းစွဲ ကိုယ်အင်္ဂါချိူ့တဲ့မှုနှင့် ရှိရင်းစွဲရောဂါဘယကြောင့် ဖြစ်ပွားခြင်း။
  6. ရာဇဝတ်မှုကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် ဥပဒေ ချိုးဖောက်ခြင်း။