ပင်မစာမျက်နှာ » အသက်အာမခံ » ခရီးသွားအာမခံ

ခရီးသွားအာမခံ

ခရီးသွားအာမခံဆိုသည်မှာ ပြည်တွင်း၊ ပြည်ပ ခရီးစဉ်များကို လေယာဉ်၊ ရေယာဉ်၊ ကိုယ်ပိုင်ယာဉ်၊ စင်းလုံးငှားယာဉ်၊ အများ ပြည်သူသုံးယာဉ်လိုင်းများ စသည့်ဖြင့်သွားရာတွင် မမျှော်လင့်ထားသော မတော်တဆထိခိုက်ဆုံးရှုံးမှုများရှိလာပါက ငွေကြေး အားဖြင့်ကူညီထောက်ပံ့ပေးသော အာမခံအမျိုးအစားဖြစ်ပါသည်။

ခရီးသွားအာမခံအမျိုးအစားများ

  • ပြည်တွင်းခရီးစဉ်အတွက်အာမခံ
  • ပြည်ပခရီးစဉ်အတွက်အာမခံ
  • မိုင် ၁၀၀ အောက်ခရီးစဉ်အတွက်အာမခံ

အာမခံသက်တမ်း

  • ပြည်တွင်းခရီးစဉ်အတွက် အနည်းဆုံး (၁) ရက်မှ အများဆုံး (၃) လ

ပရီမီယံပေးချေမှု

(၁) ရက်ခရီး ၁၀၀ ကျပ်
(၃) ရက်ခရီး ၁၅၀ ကျပ်
(၁) ပတ်ခရီး ၂၀၀ ကျပ်
(၂) ပတ်ခရီး ၂၅၀ ကျပ်
(၁) လခရီး ၃၀၀ ကျပ်
(၁) လနှင့် (၁၅) ရက်ခရီး ၃၅၀ ကျပ်
(၂) လခရီး ၄၀၀ ကျပ်
(၂) လနှင့် (၁၅) ရက်ခရီး ၄၅၀ ကျပ်
(၃) လခရီး ၅၀၀ ကျပ်

အကျိုးခံစားခွင့်များ

  • ပြည်တွင်း/ပြည်ပခရီးစဉ်များအတွက် ၁ ယူနစ်လျှင် ၅ သိန်းကျပ် ရရှိမည်ဖြစ်ပြီး အများဆုံး ၂၀ ယူနစ်ထိဝယ်ယူနိုင်သည်။
  • ဆရာဝန်၏ထောက်ခံချက်အရ သတ်မှတ်ထားသောနှုန်းထားများအတိုင်း ဆေးရုံတက်ရောက်ကုသရခြင်းနှင့် လုပ်ငန်းခွင် ပျက်ကွက်ခြင်းအတွက် ရက်သတ္တတစ်ပတ်လျှင် ၁ ယူနစ် လျှင် ကျပ် ၄၀၀၀ နှုန်းဖြင့် အများဆုံးရက် သတ္တ ၅၂ ပတ်ထိ ခံစားခွင့်ရရှိမည်ဖြစ်သည်။

အာမခံသက်တမ်း

  • ပြည်တွင်းခရီးစဉ်အတွက် အနည်းဆုံး (၁) ပတ်မှ အများဆုံး (၃) လ

ပရီမီယံပေးချေမှု

(၁) ရက်ခရီး ၁၀၀ ကျပ်
(၃) ရက်ခရီး ၁၅၀ ကျပ်
(၁) ပတ်ခရီး ၂၀၀ ကျပ်
(၂) ပတ်ခရီး ၂၅၀ ကျပ်
(၁) လခရီး ၃၀၀ ကျပ်
(၁) လနှင့် (၁၅) ရက်ခရီး ၃၅၀ ကျပ်
(၂) လခရီး ၄၀၀ ကျပ်
(၂) လနှင့် (၁၅) ရက်ခရီး ၄၅၀ ကျပ်
(၃) လခရီး ၅၀၀ ကျပ်

အကျိုးခံစားခွင့်များ

  • ပြည်တွင်း/ပြည်ပခရီးစဉ်များအတွက် ၁ ယူနစ်လျှင် ၅ သိန်းကျပ် ရရှိမည်ဖြစ်ပြီး အများဆုံး ၂၀ ယူနစ်ထိဝယ်ယူနိုင်သည်။
  • ဆရာဝန်၏ထောက်ခံချက်အရ သတ်မှတ်ထားသောနှုန်းထားများအတိုင်း ဆေးရုံတက်ရောက်ကုသရခြင်းနှင့် လုပ်ငန်းခွင် ပျက်ကွက်ခြင်းအတွက် ရက်သတ္တတစ်ပတ်လျှင် ၁ ယူနစ် လျှင် ကျပ် ၄၀၀၀ နှုန်းဖြင့် အများဆုံးရက် သတ္တ ၅၂ ပတ်ထိ ခံစားခွင့်ရရှိမည်ဖြစ်သည်။

အာမခံသက်တမ်း

  • ခရီးစဉ် အစမှ အဆုံး (ခရီးတစ်ခေါက်)

ပရီမီယံပေးချေမှု

  • ခရီးစဉ်တစ်ခေါက်အတွက် ၁ ယူနစ်လျှင် ၁၀၀ ကျပ်

အကျိုးခံစားခွင့်များ

  • ခရီးစဉ်အတွင်း အသက်ဆုံးရှုံးမှုအတွက် ပုံသေ သိန်း ၂၀ ကျပ် ရရှိမည်ဖြစ်သည်။
  • ဆရာဝန်၏ထောက်ခံချက်အရ သတ်မှတ်ထားသောနှုန်းထားများအတိုင်း ဆေးရုံတက်ရောက်ကုသရခြင်းနှင့် လုပ်ငန်းခွင် ပျက်ကွက်ခြင်းအတွက် ရက်သတ္တတစ်ပတ်လျှင် ပုံသေ ကျပ် ၃၂၀၀ နှုန်းဖြင့် အများဆုံးရက် သတ္တ ၅၂ ပတ်ထိ ခံစားခွင့်ရရှိမည်ဖြစ်သည်။