ပင်မစာမျက်နှာ » အသက်အာမခံ » ခရီးသွားအာမခံ
ခရီးသွားအာမခံ
ခရီးသွားအာမခံဆိုသည်မှာ ပြည်တွင်း၊ ပြည်ပ ခရီးစဉ်များကို လေယာဉ်၊ ရေယာဉ်၊ ကိုယ်ပိုင်ယာဉ်၊ စင်းလုံးငှားယာဉ်၊ အများ ပြည်သူသုံးယာဉ်လိုင်းများ စသည့်ဖြင့်သွားရာတွင် မမျှော်လင့်ထားသော မတော်တဆထိခိုက်ဆုံးရှုံးမှုများရှိလာပါက ငွေကြေး အားဖြင့်ကူညီထောက်ပံ့ပေးသော အာမခံအမျိုးအစားဖြစ်ပါသည်။
ခရီးသွားအာမခံအမျိုးအစားများ
- ပြည်တွင်းခရီးစဉ်အတွက်အာမခံ
- ပြည်ပခရီးစဉ်အတွက်အာမခံ
- မိုင် ၁၀၀ အောက်ခရီးစဉ်အတွက်အာမခံ
အာမခံသက်တမ်း
- ပြည်တွင်းခရီးစဉ်အတွက် အနည်းဆုံး (၁) ရက်မှ အများဆုံး (၃) လ
ပရီမီယံပေးချေမှု
(၁) ရက်ခရီး | ၁၀၀ ကျပ် |
(၃) ရက်ခရီး | ၁၅၀ ကျပ် |
(၁) ပတ်ခရီး | ၂၀၀ ကျပ် |
(၂) ပတ်ခရီး | ၂၅၀ ကျပ် |
(၁) လခရီး | ၃၀၀ ကျပ် |
(၁) လနှင့် (၁၅) ရက်ခရီး | ၃၅၀ ကျပ် |
(၂) လခရီး | ၄၀၀ ကျပ် |
(၂) လနှင့် (၁၅) ရက်ခရီး | ၄၅၀ ကျပ် |
(၃) လခရီး | ၅၀၀ ကျပ် |
အကျိုးခံစားခွင့်များ
- ပြည်တွင်း/ပြည်ပခရီးစဉ်များအတွက် ၁ ယူနစ်လျှင် ၅ သိန်းကျပ် ရရှိမည်ဖြစ်ပြီး အများဆုံး ၂၀ ယူနစ်ထိဝယ်ယူနိုင်သည်။
- ဆရာဝန်၏ထောက်ခံချက်အရ သတ်မှတ်ထားသောနှုန်းထားများအတိုင်း ဆေးရုံတက်ရောက်ကုသရခြင်းနှင့် လုပ်ငန်းခွင် ပျက်ကွက်ခြင်းအတွက် ရက်သတ္တတစ်ပတ်လျှင် ၁ ယူနစ် လျှင် ကျပ် ၄၀၀၀ နှုန်းဖြင့် အများဆုံးရက် သတ္တ ၅၂ ပတ်ထိ ခံစားခွင့်ရရှိမည်ဖြစ်သည်။
အာမခံသက်တမ်း
- ပြည်တွင်းခရီးစဉ်အတွက် အနည်းဆုံး (၁) ပတ်မှ အများဆုံး (၃) လ
ပရီမီယံပေးချေမှု
(၁) ရက်ခရီး | ၁၀၀ ကျပ် |
(၃) ရက်ခရီး | ၁၅၀ ကျပ် |
(၁) ပတ်ခရီး | ၂၀၀ ကျပ် |
(၂) ပတ်ခရီး | ၂၅၀ ကျပ် |
(၁) လခရီး | ၃၀၀ ကျပ် |
(၁) လနှင့် (၁၅) ရက်ခရီး | ၃၅၀ ကျပ် |
(၂) လခရီး | ၄၀၀ ကျပ် |
(၂) လနှင့် (၁၅) ရက်ခရီး | ၄၅၀ ကျပ် |
(၃) လခရီး | ၅၀၀ ကျပ် |
အကျိုးခံစားခွင့်များ
- ပြည်တွင်း/ပြည်ပခရီးစဉ်များအတွက် ၁ ယူနစ်လျှင် ၅ သိန်းကျပ် ရရှိမည်ဖြစ်ပြီး အများဆုံး ၂၀ ယူနစ်ထိဝယ်ယူနိုင်သည်။
- ဆရာဝန်၏ထောက်ခံချက်အရ သတ်မှတ်ထားသောနှုန်းထားများအတိုင်း ဆေးရုံတက်ရောက်ကုသရခြင်းနှင့် လုပ်ငန်းခွင် ပျက်ကွက်ခြင်းအတွက် ရက်သတ္တတစ်ပတ်လျှင် ၁ ယူနစ် လျှင် ကျပ် ၄၀၀၀ နှုန်းဖြင့် အများဆုံးရက် သတ္တ ၅၂ ပတ်ထိ ခံစားခွင့်ရရှိမည်ဖြစ်သည်။
အာမခံသက်တမ်း
- ခရီးစဉ် အစမှ အဆုံး (ခရီးတစ်ခေါက်)
ပရီမီယံပေးချေမှု
- ခရီးစဉ်တစ်ခေါက်အတွက် ၁ ယူနစ်လျှင် ၁၀၀ ကျပ်
အကျိုးခံစားခွင့်များ
- ခရီးစဉ်အတွင်း အသက်ဆုံးရှုံးမှုအတွက် ပုံသေ သိန်း ၂၀ ကျပ် ရရှိမည်ဖြစ်သည်။
- ဆရာဝန်၏ထောက်ခံချက်အရ သတ်မှတ်ထားသောနှုန်းထားများအတိုင်း ဆေးရုံတက်ရောက်ကုသရခြင်းနှင့် လုပ်ငန်းခွင် ပျက်ကွက်ခြင်းအတွက် ရက်သတ္တတစ်ပတ်လျှင် ပုံသေ ကျပ် ၃၂၀၀ နှုန်းဖြင့် အများဆုံးရက် သတ္တ ၅၂ ပတ်ထိ ခံစားခွင့်ရရှိမည်ဖြစ်သည်။