ပင်မစာမျက်နှာ » အသက်အာမခံ » ပြင်းထန်သောရောဂါကုသမှုအာမခံ

ပြင်းထန်သောရောဂါကုသမှုအာမခံ

ပြင်းထန်သောရောဂါကုသမှုအာမခံဆိုသည်မှာ ရောဂါကုသမှုများအတွက် ကုန်ကျမည့်စရိတ်များကို ငွေကြေးအားဖြင့် လျှော့ချပေးသော အာမခံအမျိုးအစားဖြစ်ပါသည်။

အာမခံထားခွင့်ရှိသူ

  • အသက် ၆ နှစ်မှ ၆၀ နှစ် အတွင်းရှိသူများထားရှိနိုင်သည်။
  • အသက် (၆) နှစ် မှ (၁၈) နှစ် အတွင်းရှိသူများကို မိဘအုပ်ထိန်းသူမှထားပေးနိုင်ပါသည်။
  • အာမခံထားသူများသည် မြန်မာနိုင်ငံသားများ၊ မြန်မာနိုင်ငံအတွင်းနေထိုင်နေသော နိုင်ငံခြားသားများ၊ တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့သော်လည်းကောင်း ထားရှိနိုင်သည်။

ထားရှိနိုင်သော အာမခံသက်တမ်း

အာမခံသက်တမ်းကတော့ (၁) နှစ်ဖြစ်ပြီး ပရီမီယံကြေး ပေးသွင်းသည့် ရက်မှစတင်ပါသည်။

တစ်ယူနစ်အတွက် အကျိုးခံစားခွင့်

  • အောက်တွင်ဖော်ပြထားသော ရောဂါအခြေအနေများကြောင့် ဆေးရုံတက်ရပါက တစ်ယူနစ်အတွက် ၁၀ သိန်း အကျိုးခံစားခွင့်ရှိမည်။

သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်

  • သေဆုံးခြင်းအတွက် ကျပ် ၁၀ သိန်း အကျိုးခံစားခွင့် (ရောဂါများအတွက် တောင်းခံပြီးပါက သေဆုံးခြင်းအတွက် ခံစားခွင့် ရရှိမည်မဟုတ်ပါ)

အကျိုးခံစားခွင့်ရှိသောအချက်များ

  • ရုတ်တရက် နှလုံးဖောက်ပြန်မှု
  • လေဖြတ်ခြင်း
  • အသက်အန္တရာယ်ရှိသော ကင်ဆာရောဂါ
  • ကျောက်ကပ်ဆိုင်ရာပျက်စီးမှု
  • အဓိကကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှု
  • နှလုံးအဆို့ရှင် အစားထိုးခြင်း ခွဲစိတ်ခြင်း
  • နှလုံးသွေးလွှတ်ကြောခွဲစိတ်ကုသမှု
  • ပြင်းထန်သောမီးလောင်မှု
  • ကိုမာရောဂါဖြစ်ခြင်း
  • သေဆုံးခြင်း

ပြင်းထန်သောရောဂါကုသမှုအာမခံကို ဘယ်လိုထားရှိနိုင်မလဲ

  • ကျန်းမာရေးအာမခံကိုထားမယ်ဆိုရင် ယမ်းအာမခံရုံးများကိုဆက်သွယ်ပြီး ထားရှိနိုင်သလို ယမ်းအာမခံမှ ခန့်အပ်ထားသော အာမခံကိုယ်စားလှယ်တော်ကြီးများမှ တဆင့်လဲထားရှိနိုင်ပါသည်။
  • အကျိုးခံစားခွင့်နှင့်ပတ်သက်ပြီး တောင်းခံရာတွင် ဆေးရုံမှဆင်းပြီးပြီးခြင်း ဆေးရုံမှစာရွက်စာတန်း များဖြင့် တောင်းခံနိုင်ပါသည်။
  • ကျန်းမာရေးအာမခံထားမည့်သူများအနေဖြင့် ယမ်းအာမခံမှ ကျွမ်းကျင်ဝန်ထမ်း (သို့) အာမခံကိုယ်စားလှယ် တော်ကြီးများမှ ပရီမီယံတွက်ချက်ပုံများကိုရှင်းပြခြင်း၊ အဆိုပြုလွှာဖြည့်ရန် စီစဉ်ပေးခြင်း၊ လွယ်ကူရိုးရှင်းသော လုပ်ထုံးလုပ်နည်းများမှတဆင့် မူဝါဒများထုတ်ပေးခြင်း စသည့် အကောင်းဆုံးဝန်ဆောင်မှုကိုလည်းရရှိမည် ဖြစ်ပါသည်။

အကျိုးခံစားခွင့်လျောက်ထားမည့်အချက်များ

  • အာမခံထားသူသည် ဆေးရုံတက်ရပြီဆိုပါက ဆေးရုံတက်သည်နှင့်တစ်ပြိုင်ထဲ အာမခံကုမ္ပဏီသို့ အကြောင်းကြားရမည်ဖြစ်သည်။
  • ဆေးရုံမှဆင်းပြီဆိုပါက အာမခံထားသူသည် လိုအပ်သောဖောင်များ၊ မှတ်တမ်းများ နှင့်အတူ အာမခံအကျိုးခံစားခွင့်များ ရရှိရန်အတွက် လျောက်ထားနိုင်သည်။
  • ယမ်းအာမခံမှ ကျွမ်းကျင်ဝန်ထမ်းများမှ တောင်းဆိုသူ၏ အချက်အလက်များကို အမြန်ဆုံးစစ်ဆေးပြီး တောင်းဆိုသူမှ အမြန်ဆုံးအကျိုးခံစားခွင့်ရရှိရန် လုပ်ဆောင်မည်ဖြစ်သည်။