ပင်မစာမျက်နှာ » အသက်အာမခံ » ကျန်းမာရေးအာမခံ
ကျန်းမာရေးအာမခံ
ကျန်းမာရေးအာမခံသည် မတော်တဆဖျားနာမှုများအတွက် ငွေကြေးအကျိုးခံစားခွင့်များကိုပါ ပံ့ပိုးပေးသည့် အာမခံအမျိုးအစားဖြစ်သည်။
- အာမခံထားခွင့်ရှိသူ
- ထားရှိနိုင်သော အာမခံသက်တမ်း
- ပရီမီယံ
- အကျိုးခံစားခွင့်များ
- အာမခံဘယ်လိုထားရှိနိုင်မလဲ
- အကျိုးခံစားခွင့်လျောက်ထားမည့်အချက်များ
- အကျိုးခံစားခွင့်မရှိသောအချက်များ
အာမခံထားခွင့်ရှိသူ
- အသက် (၆) နှစ် မှ (၇၅) အထိ ထားရှိနိုင်သည်။
- အသက် (၆) နှစ် မှ (၁၈) နှစ် အတွင်းရှိသူများကို မိဘအုပ်ထိန်းသူမှထားပေးနိုင်ပါသည်။
- အာမခံထားသူများသည် မြန်မာနိုင်ငံသားများ၊ မြန်မာနိုင်ငံအတွင်းနေထိုင်နေသော နိုင်ငံခြားသားများ၊ တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့သော်လည်းကောင်း ထားရှိနိုင်သည်။
ထားရှိနိုင်သော အာမခံသက်တမ်း
အာမခံသက်တမ်းကတော့ (၁) နှစ်ဖြစ်ပြီး ပရီမီယံကြေး ပေးသွင်းသည့် ရက်မှစတင်ပါသည်။
ပရီမီယံ
အာယုပါလကျန်းမာရေးအာမခံကို အနည်းဆုံး (၁)ယူနစ် မှ အများဆုံး (၁၀)ယူနစ်ထိဝယ်ယူနိုင်ပါသည်။
အာယုပါလကျန်းမာရေးအာမခံ၏ ပရီမီယံနှုန်းဇယား |
|||||||
အာမခံအကာအကွယ်အမျိုးအစား
|
အသက် |
တစ်ဦးချင်းထားရှိမှု |
အစုအဖွဲ့အလိုက်ထားရှိမှု |
||||
၆ လ | ၁ နှစ် | လစဉ် | ၃ လ | ၆ လ | ၁ နှစ် | ||
အခြေခံအာမခံအကာအကွယ် |
6~30 | 5600 | 11000 | 1000 | 2800 | 5300 | 10500 |
31~40 |
7300 | 14300 | 1200 | 3600 | 6900 |
13600 |
|
41~50 |
9000 | 17600 | 1500 | 4400 | 8600 | 16700 | |
51~60 |
14600 | 28600 | 2500 | 7100 | 13900 | 27200 | |
61~75 | 31400 | 61600 | 5300 | 15400 | 29800 |
58500 |
|
ရွေးချယ်နိုင်သည့်အာမခံအပိုအကာအကွယ် - ၁ |
6~75 | 8400 | 16500 | 1400 | 4200 | 8000 |
15700 |
ရွေးချယ်နိုင်သည့်အာမခံအပိုအကာအကွယ် - ၂ | 6~75 | 4500 | 8800 | 800 | 2200 | 4300 |
8400 |
အကျိုးခံစားခွင့်များ
အခြေခံအကာအကွယ် (၁)ယူနစ်လျှင်
- ဆေးရုံတက်စရိတ် တစ်ရက်လျှင် ၁၀,၀၀၀/- ကျပ် ( အများဆုံး ဆေးရုံတက်ရက်ပေါင်း (၆၀)ရက် )
- မတော်တဆ ထိခိုက်မှုဖြင့် သေဆုံးလျှင် ၁,၀၀၀,၀၀၀/- ကျပ်
- နေထိုင်မကောင်းဖြစ်၍ သေဆုံးလျှင် ၁,၀၀၀,၀၀၀/- ကျပ်
- မတော်တဆထိခိုက်မှုကြောင့်လည်းကောင်း၊ နေထိုင်မကောင်းဖြစ်ခြင်းကြောင့်လည်းကောင်း ထာဝစဉ်မသန်မစွမ်းဖြစ်လျှင် ၁,၀၀၀,၀၀၀/- ကျပ်
အပိုအကာအကွယ် (၁) ၁ယူနစ်လျှင်
- ခွဲစိတ်ကုသရန် (၁)ယူနစ် အတွက် အနည်းဆုံး ၅၀၀,၀၀၀/-
- ကိုယ်ဝန်ပျက်ကျမှု့အတွက် ဝယ်ယူထားသည့် ယူနစ် နှင့် မသက်ဆိုင်ပဲ ၃၀၀,၀၀၀/- ကျပ် အထိ ခံစားနိုင်ပါသည်။
အပိုအကာအကွယ် (၂) ၁ယူနစ်လျှင်
- နေမကောင်း ၍ ဆေးခန်းပြလျှင် တစ်ခါြပလျှင် ၂,၅၀၀/-
- တစ်နှစ်လျှင် အများဆုံး (၄) ကြိမ်
- ဆေးခန်းတစ်ခါပြလျှင် အများဆုံးပမာဏ 10,000 ကျပ်။
အကျိုးခံစားခွင့်တောင်းခံခြင်း
- အသက်(၁၈)နှစ်ပြည့်ပြီးသော အာမခံထားသူကိုယ်တိုင် (သို့မဟုတ်) အသက်(၁၈)နှစ်မပြည့်သေးပါက မိဘ(သို့) အုပ်ထိန်းသူမှ အကျိုးခံစားခွင့်ကိုတောင်းခံနိုင်ပါသည်။
- အာမခံထားရှိသူ သေဆုံးပါက အာမခံစာချုပ်ပါ အကျိုးခံစားခွင့်လွှဲပြောင်းထားရှိသူမှ အကျိုးခံစားခွင့် တောင်းခံ နိုင်ပါသည်။
ကျန်းမာရေးအာမခံကို ဘယ်လိုထားရှိနိုင်မလဲ
- ကျန်းမာရေးအာမခံကိုထားမယ်ဆိုရင် ယမ်းအာမခံရုံးများကိုဆက်သွယ်ပြီး ထားရှိနိုင်သလို ယမ်းအာမခံမှ ခန့်အပ်ထားသော အာမခံကိုယ်စားလှယ်တော်ကြီးများမှ တဆင့်လဲထားရှိနိုင်ပါသည်။
- အကျိုးခံစားခွင့်နှင့်ပတ်သက်ပြီး တောင်းခံရာတွင် ဆေးရုံမှဆင်းပြီးပြီးခြင်း ဆေးရုံမှစာရွက်စာတန်း များဖြင့် တောင်းခံနိုင်ပါသည်။
- ကျန်းမာရေးအာမခံထားမည့်သူများအနေဖြင့် ယမ်းအာမခံမှ ကျွမ်းကျင်ဝန်ထမ်း (သို့) အာမခံကိုယ်စားလှယ် တော်ကြီးများမှ ပရီမီယံတွက်ချက်ပုံများကိုရှင်းပြခြင်း၊ အဆိုပြုလွှာဖြည့်ရန် စီစဉ်ပေးခြင်း၊ လွယ်ကူရိုးရှင်းသော လုပ်ထုံးလုပ်နည်းများမှတဆင့် မူဝါဒများထုတ်ပေးခြင်း စသည့် အကောင်းဆုံးဝန်ဆောင်မှုကိုလည်းရရှိမည် ဖြစ်ပါသည်။
အကျိုးခံစားခွင့်လျောက်ထားမည့်အချက်များ
- အာမခံထားသူသည် ဆေးရုံတက်ရပြီဆိုပါက ဆေးရုံတက်သည်နှင့်တစ်ပြိုင်ထဲ အာမခံကုမ္ပဏီသို့ အကြောင်းကြားရမည်ဖြစ်သည်။
- ဆေးရုံမှဆင်းပြီဆိုပါက အာမခံထားသူသည် လိုအပ်သောဖောင်များ၊ မှတ်တမ်းများ နှင့်အတူ အာမခံအကျိုးခံစားခွင့်များ ရရှိရန်အတွက် လျောက်ထားနိုင်သည်။
- ယမ်းအာမခံမှ ကျွမ်းကျင်ဝန်ထမ်းများမှ တောင်းဆိုသူ၏ အချက်အလက်များကို အမြန်ဆုံးစစ်ဆေးပြီး တောင်းဆိုသူမှ အမြန်ဆုံးအကျိုးခံစားခွင့်ရရှိရန် လုပ်ဆောင်မည်ဖြစ်သည်။
အကျိုးခံစားခွင့်မရှိသောအချက်များ
အကျိုးခံစားခွင့်နှင့်ပတ်သက်ပြီး အာမခံထားသူ၏ ခံစားခွင့်မရှိသောအချက်များကို အောက်တွင်ဖော်ပြထားပါသည်။- ဆေးရုံးတက်နေရသောပုဂ္ဂိုလ်များ နှင့် ဆရာဝန်မှ ဆေးရုံတက်ရန် (သို့) ဖျားနာနေသည်ဟု အကြံပြုထားသောသူများ
- ကလေးမွေးဖွားခြင်းနှင့် သားဖွားခြင်းဆိုင်ရာခွဲစိတ်ကုသခြင်း
- စိတ်ပိုင်းဆိုင်ရာမူမမှန်ခြင်း၊ မွေးရာပါရောဂါအခံရှိခြင်း၊ ရောဂါရှာဖွေခြင်း သို့မဟုတ် အပန်းဖြေခြင်းအတွက်ဆေးရုံတက်ခြင်း
- ကလေးရရန်အတွက်ဆေးရုံတက်ခွဲစိတ်ကုသမှုခံယူခြင်း နှင့် မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှအပ သွားဘက်ဆိုင်ရာကုသမှုခံယူခြင်း
- မတော်တဆထိခိုက်မှုမှ လွဲ၍ မျက်စိစမ်းသပ်ခြင်း၊ အမြင်အာရုံချို့ယွင်းခြင်း၊ အမြင်အာရုံတိုးတက်မှုကုထုံးခံယူခြင်း
- မည်သည့်ဗေဒကုသမှု၊ နားကြားကိရိယာများအတွက်မဆိုကုသမှု
- မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု၊ ရာဇ၀တ်မှုကျူးလွန်ခြင်း၊ အေအိုင်ဒီအက်စ်ရောဂါဖြစ်ခြင်း
- နိုင်ငံခြားတွင် ဆေးရုံတက်ခြင်း သို့မဟုတ် ခွဲစိတ်ကုသမှုခံယူခြင်း
- အကြမ်းဖက်မှု၊ သပိတ်မှောက်မှု၊ အဓိကရုဏ်းများ၊ စစ်ပွဲနှင့်စစ်ကဲ့သို့သောအခြေအနေများကြောင့် တောင်းဆိုမှုများ
- ရောဂါကုသမှုများအတွက် သုံးရက်ထက်နည်း ဆေးရုံတင်ကုသမှု
- မှားယွင်းသောတောင်းဆိုမှုများနှင့် မိမိကိုယ်ကိုသတ်သေမှု